Saturday, March 16, 2013

(၁)ဂဏန်းရှင် ဒေါ်အောင်ဆန်းစုကြည်



(၁)ဂဏန်းဟာ နေမင်းရဲ့ ဂဏန်းဖြစ်သလို၊ ဂဏန်းသင်္ချာမှာ “ပထမဆုံးနေရာ” မှာ ရှိနေတဲ့အတွက်
(၁)ဂဏန်းသမားတွေဟာ ဘယ်လိုပတ်ဝန်းကျင်အခြေအနေမှာဘဲ ဖြစ်ဖြစ် ထင်ထင် ပေါ်ပေါ် ရှိတယ်။
အကြီးအမှူးခေါင်းဆောင်ဖြစ်တတ်တယ်။ အဆင့်မြင့်တဲ့နေရာမှာ နိုင်ငံအကြီးအကဲလိုဖြစ်နိုင်သလို ၊
အဆင့်နိမ့်တဲ့ ဘဝမျိုးမှာဆိုရင်လည်း သူ့အဆင့်နဲ့သူ အကြီးအကဲဖြစ်လေ့ရှိတယ်။

ဥပမာ- ရက်ကွက်ထဲမှာဆို ရက်ကွက် လူကြီးလိုမျိုး၊ အလုပ်သမားထဲမှာဆို
အလုပ်သမားခေါင်း လိုမျိုးပေါ့ဗျာ။ ဒီတော့ (၁)ဂဏန်းသမားတွေအနေနဲ့
ကိုယ့်ဘဝ အဆင့်အတန်းနဲ့ကိုယ် အကြီးအကဲ၊ခေါင်းဆောင်ဖြစ်ဖို့ ကံဇာတာပါလာသူတွေပါ ။

အဲဒီတော့ (၁)ဂဏန်း သမားတွေရဲ့ ယေဘူယျ လက္ခဏာ စရိုက်တွေကို ကြည့်မယ်ဆိုရင် -

(၁)ဂဏန်းသမား တွေဟာ ရုပ်ဝါဒဆန်တယ်။ လက်တွေ့ကျတယ်။ စိတ်ကူးသိပ်မယဉ်တတ်ဘူး။
နေရာတကာမှာ ဦးဆောင်လိုတယ်။ လွှမ်းမိုးလိုတယ်။ခေါင်းမာတယ်။ အကြောမာတယ်။
အကြောက် အလန့်နည်းတယ်။ နေရာတကာ အပေါ်စီးကသာ နေလိုတယ်။

ရည်မှန်းချက် အလွန်ကြီးတယ်။ ဒါပေမယ့် သူတို့ရည်မှန်းချက်ကြီးတာကို လူသိ သိပ်မခံဘူး။
လျို့ဝှက်ကြံစည်တတ်တယ်။ အချိန်အခါကောင်း အခွင့်အရေးကောင်းစောင့်နိုင်ကြတယ်။
ကိုယ့်ဘဝတက်လမ်းကို အမြဲကြံစည်နေတယ်။ ဇွဲကောင်းတယ်။

စိတ်အပြောင်းအလဲနှေးတယ်။ တစ်ယူသန်ဆန်တတ်တယ်။ရုပ်ပိုင်းဆိုင်ရာမှာ တည်ငြိမ်တယ်။
တော်ရုံတန်ရုံ ခြောက်ရုံနဲ့ မကြောက်တတ်သလို တော်ရုံတန်ရုံ မြှောက်ရုံနဲ့လည်း မမြောက်တတ်ဘူး။
(၄)ဂဏန်းသမားတွေနဲ့ ကွာခြားတာက သူတို့ဟာ ဘဝအပြောင်းအလဲ နှေးကွေးတယ်။
ရုတ်ချည်း တက်လိုက်ကျလိုက် ဖြစ်ခဲတယ်။ တက်မိရင်လည်း တော်တော်နဲ့ ပြန်မကျဘူး။
ကျမိရင်လည်း တော်တော်နဲ့ ပြန်မတက်တော့ ဘူး။

လူအများနဲ့ ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ အဆင်ပြေလေ့မရှိဘူး။
(ဘာဖြစ်လို့လည်းဆိုတော့ ဘယ်သူမှ သူတို့လောက် သိတယ်၊ တတ်တယ်လို့ မထင်လို့၊
ဒီနေရာမှာတော့ (၄)ဂဏန်းသမားတွေနဲ့ သွားတူနေပါတယ်)။ သူတို့ဟာ လူမှုပတ်ဝန်းကျင်မှာ
သီးခြားလိုဖြစ်နေတယ်။ အပေါင်းအသင်း မိတ်ဆွေ နည်းတတ်တယ်။

(၁)ဂဏန်းသမားအတော်များများဟာ အိမ်ထောင်ဘက်ကောင်းကို ရတာများတယ်။
ဒါပေမယ့် သူတို့ဟာ ကိုယ့်အိမ်ထောင်ဘက်အပေါ်မှာ အလွန်လွှမ်းမိုးတတ်ပြီး
ချစ်ခင်ကြင်နာစိတ် လည်း နည်းတတ်ကြတယ်။

သူတို့ဟာ သူတို့အချစ်ကို ဖွဲ့ဖွဲ့နွဲ့နွဲ့ မဖော်ပြတတ်ပေမယ့် အိမ်ထောင်ဘက်နဲ့ သားသမီးတွေအပေါ်မှာတော့  အလွန်တာဝန်ကျေတတ်ကြသူများ ဖြစ်ကြ ပါတယ်။

(၁)ဂဏန်းသမားတွေဟာ အုပ်ချုပ်ရေးနဲ့ ဆိုင်တဲ့နေရာ၊ ဆေးပညာ၊ စစ်ဘက်ဆိုင်ရာတွေမှာဆိုရင် အလွန်ရာထူး တက်လွယ်ကြတယ်။ အောင်မြင်လွယ်ကြတယ်။ တစ်ချို့ဆို “မရွယ်ဘဲ စော်ကဲမင်းဖြစ်”
ဆိုတာလို မြင့်မားတဲ့ နေရာဌာန တွေကို မကြံရွယ်ဘဲ ရောက်လာတတ်ကြတယ်။

(၁)ဂဏန်းသမားတွေရဲ့ အဆိုးဆုံး ဉာဉ်ကတော့ သူတို့ဖြစ်ချင်တာကို ဇွတ်အတင်းဖြစ်စေ
လိုကြတာဘဲဖြစ်ပါတယ်။  (၁)ဂဏန်းသမားတစ်ယောက် ပျက်စီးချိန်တန်လာရင် အချိန်ဆွဲနေရတာကို သည်းမခံနိုင်တော့ဘဲ ဇွတ်အတင်း ထ,လုပ်ကြတဲ့ အချိန်မှာဘဲဖြစ်တတ်လေ့ရှိပါတယ်။

(၁)ဂဏန်းသမားတွေဟာ သူတစ်ပါးပေးတဲ့ အကြံဉာဏ်တွေကို လွယ်လွယ်နဲ့ လက်ခံလေ့မရှိဘူး။
သူတို့ကို နှစ်သိမ့် ဖြောင်းဖြနိုင်သူဆိုလို့ (၂)ဂဏန်းသမားတွေဘဲ ရှိတယ်။
ကောင်းကင်မှာ “နေ နဲ့ လ” ဟာ နှစ်ပါးစုံတွဲနေသလို (၁)ဂဏန်း သမားတွေဟာ
(၂)ဂဏန်းသမားတွေနဲ့ အလွန်သင့်မြတ်ကြတယ်။ (၁)ဂဏန်းသမားတွေဟာ (၂)ဂဏန်းသမားတွေကို ချစ်ခင်မြတ်နိုးလွယ်တတ်ကြတယ်။ စောင့်ရှောက်တတ်ကြတယ်။ (၂)ဂဏန်းသမားတွေဟာလည်း (၁)ဂဏန်းသမားတွေ အပေါ်မှာ အလွန်သစ္စာရှိတတ်ပြီး ပျက်စီးအောင်လုပ်လေ့ မရှိ တတ်ကြဘူး။
(၁)ဂဏန်းသမားတွေအတွက် အကောင်းဆုံး မိတ်ဆွေ၊ ဘဝအဖော်မွန်ဟာ(၂)ဂဏန်းသမားဘဲဖြစ်ပါတယ်။
ဒုတိယအကောင်းဆုံးက (၅)ဂဏန်းသမားနဲ့ (၇)ဂဏန်းသမား တွေဖြစ်တယ်။
(၁)နဲ့ (၄)ဟာ အဖို နဲ့ အမဓာတ်ဆိုပေမယ့် သိပ်မတည့်တတ်ဘူး။

(၁)ဂဏန်းသမားတွေကို အန္တရာယ် ပေးနိုင်တာက (၈)ဂဏန်းသမားနဲ့ (၉)ဂဏန်းသမားတွေ ဖြစ်ပါတယ်။
(၁)ဂဏန်းသမားတွေ အထူးသတိထားရမှာက လောဘသက္ကာယကြီးလွန်းတာ၊ အလွန်အမင်း တိုးတက်ကြီးပွား ချင်တာတွေဘဲဖြစ်ပါတယ်။

(၁)ဂဏန်းသမားတွေဟာ ရောင့်ရဲနိုင်ဖို့ အလွန်ခဲယဉ်းပါတယ်။ ဒီလို မရောင့်ရဲနိုင်မှုကြောင့် နောက်ဆုံး ကျဆုံးပျက်စီးခြင်းနဲ့ အဆုံးသတ်ရတတ်ပါတယ်။ အဲဒီ အထဲမှာ (၁)ရက်နေ့ မွေးဖွားသူများနဲ့ (၂၈)မွေးဖွားသူများ ဟာ အဆိုးဆုံးဖြစ်ပါတယ်။ (၁)ဂဏန်းသမားတွေဟာ ဘာသာရေးဘက်မှာ အားနည်းတတ်ကြတယ်။ ဘာသာရေးယုံကြည်မှုနည်းတယ်။ဒါပေမယ့်သက်ဝင်ယုံကြည်လာပြီဆိုရင်လည်း သူများထက် ထူးအောင် ကျင့်ကြံအားထုတ်နိုင်သူတွေဖြစ်တယ်။

ဒါကြောင့် (၁)ဂဏန်းသမားများဟာ ဘဝနေဝင်ချိန်၊ တတိယ အရွယ်မှာ အထူးဂရုပြုပါ။ (လူတိုင်းမဟုတ်ပေမယ့် ) အကျနာတတ်ပါတယ်။
အိုဇာတာ ညံ့တတ်ပါတယ်။ Current of Destiny ဆိုတဲ့ နောက်ဆုံး မွေးသက္ကရာဇ် ခုနှစ်ဂဏန်းကောင်းလွန်း တဲ့သူများသာ တတိယအရွယ်အထိ
ကောင်းစားတတ်ပြီး၊ မွေးခုနှစ်ဂဏန်းမကောင်းပါက အိုဇာတာအလွန်ညံ့တတ်တာ သတိပြုပါ။

အသက်ကြီး(၁၉)ဂဏန်းကျတော့ အပေါင်းအသင်းဆန့်တယ်။  လူချစ်လူခင်များတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင် တတ်တယ်။ နာမည်အလွန်ကျော်ကြားတတ်တယ်။

(၂၈)ဂဏန်းတွေကတော့ ခေါင်းအမာဆုံးဘဲဗျို့။ ဇွတ်တရွတ်နိုင်တယ်။ ဒေါသ အလွန်ကြီးမယ်။
အိမ်ထောင်ဘက်အပေါ် အလွန်နိုင်မယ်။ အပေါင်းအသင်းများသလောက် လူချစ်လူခင်မများတတ်ဘူး။
စီးပွားရေးကို ကျားကုတ်ကျားခဲ ရှာတတ်တယ်။ အလွန် အတ္တစိတ်ကြီးမယ်။ ပြောရမယ်ဆိုရင်တော့
 (၂၈)ရက်ဖွားတွေဟာ တကယ့်  “ဖိုက်တာ” တွေများတယ်ဗျ။ ဒါပေမယ့် တတိယအရွယ်မှာတော့
စိတ်ပျော့ပျောင်းသွားတတ်ကြတယ် ။


ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒ သုခုမ) ဆီမှ ကူးယူဖေါ်ပြပါသည် ။





Wunderlist မြန်မာဗားရှင်းကို မြန်မာဘာသာဖြင့် စတင်အသုံးပြုနိုင်

မိမိ၏ တစ်နေ့တာ လုပ်ငန်း အစီအစဉ်များနှင့် အခြားသော  လုပ်ငန်း ဆောင်တာများ စာရင်းကို
မှတ်သား၍  အသုံးပြုနိုင်သည့် Wunderlist အသုံးချ ဆော့ဝဲလ် ကို မြန်မာဘာသာ စကားဖြင့် စတင် အသုံးပြုနိုင်ကြောင်း  သိရသည် ။

ယင်းဆော့ဝဲလ်ကို မည်သူမဆို အခမဲ့ အသုံးပြုနိုင်ကြောင်း၊ Window PC , Max OSX နှင့် IOS,  Android တို့တွင် လည်း အသုံးပြုနိုင်ကြောင်း ၊ မိမိ၏ လုပ်ငန်း ဆောင်တာများကို  မည့်သည့်ကွန်ပျူတာတွင်မဆို  မှတ်သားခဲ့နိုင်ပြီး မိမိအသုံးပြုနေသည့်  အစ ရှိသည် တို့တွင် အင်တာနက် ချိတ်မိသည့်အခါ တစ်ပြိုင်နက်တည်း မှတ်သားပြီ ဖြစ်နေမည်ဖြစ်သည် ။

မိမိ မှတ်သား ထားသော လုပ်ငန်းဆောင် တာများကို အချင်းချင်း မျှဝေလိုခြင်း ၊ အတူတကွ ပူးပေါင်း လုပ်ဆောင်ရမည့် လုပ်ဖော်ကိုင်ဖက်များကို မျှဝေလိုခြင်းနှင့် မိမိ၏ အထက် အရာရှိထံသို့ လုပ်ငန်းဆောင်တာများ တင်ပြရာတွင် လည်း ယင်းကို အသုံးပြုနိုင်ကြောင်းနှင့် ရုံးလုပ်ငန်းများ အပြင် မိသားစုရေးရာ ကိစ္စများ၊ လူမှုရေးကိစ္စများ အတွက် လည်း အသုံးပြုနိုင်ကြောင်း သိရသည်။

Wunderlist ကို အသုံးပြုလိုပါက https:www.wunderlist.com သို့ ဝင်ရောက်၍ အခမဲ့ ရယူ အသုံးပြုနိုင်ကြောင်း သိရ သည်။

andriod အတွက်  အောက်က Link တွင် download ယူနိုင်ပါသည် ။

f2.1mobile.com/mobile_software/productivity/com.wunderkinder.wunderlistandroid_33.apk

http://www.myanmarij.com မှကူးယူ ဖော်ပြပါသည် ။

Thursday, March 14, 2013


မှော် တံမြတ်စည်း (Broom)


ပုံပြင်တွေထဲမှာ မြင်ရတာ ကတော့ စုန်းကဝေမကြီးတွေက ခွစီးပြီးတော့
ခရီးနှင်ကြတယ် ဆိုတာ ကြားဖူးကြမှာပါ ။ ဒီမှာကတော့ လူမမာ ရောပါ
ကြမ်းနေရင် (သို့မဟုတ်) ပျောက်ဖို့ခက်တဲ့ ရောဂါရှိနေရင် စောင်နဲ့အုပ်ပြီး
အပေါ်ကနေ  တံမြတ်စည်း လှဲပြီး ရောဂါကို နှင်ထုတ်လိုက်ပါ ။
ကိုယ့်ကို ကိုယ် ကံမကောင်းဘူးထင် နေရင် စောင်အုပ်ပြီး လှဲထုတ်ပြစ်လိုက်ပါ ။
ပေကပ်ပြီး မပြန်တဲ့ ဧည့်သည် ရှိနေရင် သူ့ဘက်ကိုလှည့်ပြီး ထားလိုက်ပါ ။


Wednesday, March 13, 2013

ရေအကျိုး (၁၀) ပါး












လူပီသရေး တရားတော် ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ






အမျိုးသားရေး အတွက် တရားတော် ၀ီရသူ(မစိုးရိမ်)

မဟာစည် ဆရာတော် နှင့် နတ်မင်းကြီး စကားပြော တိတ်ခွေ အသံဖိုင်

၁၉၅၁ ခုနှစ် ပတ် ဝန်းကျင် ကာ လ တွင် မဟာစည် ဆရာတော် နှင့် နတ်မင်းကြီး
စကားပြော ခဲ့သည့် တိပ်ခွေ အသံဖိုင် အား ယုံမယုံ အငြင်းပွား ခြင်းထက် ဤ အဖြစ်အပျက်မျိုးရှိခဲ့
ဖူးသည် ကို ဗဟုသုတ အတွက် ယနေ့ခေတ် လူငယ်များ ဗဟုသုတ ဖြစ်စေရန် အတွက် ပြန်လည် ဖော်ပြပေးခြင်းဖြစ်ပါသည် ။

ပုသိမ် မြို့မှ ယောဂီ တစ်ဦး ထူးဆန်းသောစကား ပြောနေ၍ လေ့လာရာ ပါဠီသံ
နှင့်ဆင်တူသဖြင့်သိနားလည်သူ မှ နားထောင်ရာ နတ်တစ်ပါး ဝင်ပူးပြီး မဟာစည် ဆရာတော်နှင့်
တွေ့ လို ကြောင်း ပြောပါသည် ။ ထိုယောဂီ သည် သီလ သမာဓိ နှင့် ပြည့်စုံပြီး
တရားအားထုတ်ခြင်းဖြင့်သာ အချိန်ကုန်နေသူ ဖြစ် သောကြောင့်လဲ နတ်ဝင်ပူး နိုင်ခြင်းဖြစ်သည်။
ထို့ကြောင့် မဟာစည် ဆရာတော် နှင့် တာဝန်ရှိသူများ ညှိနှိုင်းပြီးတွေ့ ဆုံမည့်
နေ့ ရက် ကိုသတ်မှတ် ကြပါသည် ။

ထိုသို့တွေ့ဆုံရာတွင် ပါဠိ ကျွမ်းကျင် သော ဆရာတော် များ ဂုဏ်သရေ ရှိ ပုဂ္ဂိုလ် များ ပါဝင်စေလျက်
တိတ်ခွေအသံဖမ်းစက်ဖြင့် လည်း အသံဖမ်း ယူခဲ့ပါသည် "
ဝင်ပူးသော နတ် သည် ၃၇ မင်း ကဲ့သို့သော နတ်များ မဟုတ်ဘဲ စတုမဟာရဋ် အဆင့်ဝင်
နတ်မင်းကြီး တစ်ပါး ဖြစ်ပြီး  အမည် နှင့် ဘုံ တည်နေရာ ကိုပါပြောဆိုခဲ့ပါသည် "
နတ်မင်းကြီး နှင့် မဟာစည် ဆရာတော် တို့ ပါဠီ ဘာသာစကား ဖြင့် ပြော ဆိုကြပါသည် ။

ပြော ဆိုမူသည် နာရီ ဝက် ခန့် ကြာ ပြီး ထိုတိတ် ခွေတွင် သက်သေပြချက် သဘောဖြင့်
ရှင်းလင်းချက် များ လည်း ပါသည် ။
ဥပမာ အားဖြင့် ထိုစဉ်က နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင် နားထောင်ပြီး
အသံလွှင့် ရန်သင့် မသင့် ကို ဆုံးဖြတ် ခဲ့ကြောင်း  လဲ ပါဝင်ပါသည် ။

( ဖြည့်စွက်ချက် )

အဆိုပါ ယောဂီ မှာ ရသေ့မ ဖြစ်ပြီး လူ အမည် မသင်းစိန် ၊ ဘွဲ့အမည် မဟေမာရီ ဖြစ်ပြီး
ပုသိမ်မြို့သဒ္ဒမ္မ သီတဂူတောရ ကျောင်းတိုက် နာယက ဆရာတော် ဘဒ္ဒန္တ အာစိက္ခဏ ၏ တူမ တော်စပ် ပါသည် ။

အောက်တွင် ဒေါင်းလော့ လုပ်၍ နားထောင် နိုင်ပါသည် ။
http://sites.google.com/site/zawgyiconvert/Home/maharsiandnatmingyi.mp3?attredirects=0&d=1

www.ayechanaungmyin.blogspot.com မှကူးယူဖော်ပြပါသည် ။


စိတ်ချမ်းသာ လူချမ်းသာဖို့  နေ့ စဉ် မနက်တိုင်း ရေတော် (၅) မျိုးကို ဆက်ကပ် လှူဒါန်းပါ


သူတော်ကောင်း တရားများ လွှမ်းခြုံ၍ သူတော်ကောင်း ဓာတ်တို့
ရစ်ပတ်ဖွဲ့စည်း လိုက်လျှင် ရတနာ ရှိရာ ရတနာများ လာစု သကဲ့သို့
ကောင်းမှုကုသိုလ်ကံများ ရိုက်ခတ်လာမည်ဟု ယူဆပါသည် ။

ကြီးပွားချမ်းသာသူ တစ်ဦးနှင့် ဆုံတွေ့စဉ် ၄င်းထံမှ ကြားခဲ့ရသော
စကားကလေး ကို အလျဉ်းသင့် သည်မို့ တင်ပြ လိုက်ရပါသည် ။

ကျွန်တော် ဗုဒ္ဓဘာသာဝင် မြန်မာ လူမျိုးတစ်ယောက်ပါ ။ ကျွန်တော်
ကြီးပွားချမ်းသာရတာဟာ  အတိတ်က ကုသိုလ်ကံလည်း ပါမှာပေါ့လေ ။
ဒါပေမဲ့ အတိတ်ကာလ က ကျွန်တော် ဘာတွေ လုပ်ခဲ့သလဲ ဆိုတာ
ကျွန်တော် ဘယ်လိုလုပ် သိနိုင်မှာလဲ ။ ကျွန်တော် ပစ္စုပ္ပန် မှာ ကောင်းအောင်
နေပါတယ် ။ မကောင်းတဲ့ အကုသိုလ် အမှုကိစ္စတွေကို ရှောင်ပါတယ် ။
အလှူရေစက် လက်နဲ့ မကွာနေပါတယ် ။
အထူးသဖြင့် ဘုရားရှင်ကို ရည်မှန်းပြီး နေ့စဉ် မနက်တိုင်း
ရေတော် (၅)မျိုးကို ဆက်ကပ် လှူဒါန်းပါတယ် ။

ရေတော် (၅)မျိုး ဆိုသည်မှာ -

၁။ မျက်နှာသစ်တော်ရေ
၂။ သောက်တော်ရေ
၃။ သုံးတော်မူရေ
၎။ ချိုးတော်ရေ
၅။ ခြေဆေးတော်ရေ

ရေတော် (၅)မျိုးကို ဆက်ကပ် လှူဒါန်းခြင်း၏ အကျိုးရလဒ်များမှာ -
ဘ၀ မှာ အေးချမ်းမှူတွေ ရရှိခြင်း ၊ အလုပ်ကိုင် အကြံအစည် မှန်သမျှ ထမြောက်အောင်မြင်ခြင်း ၊
စိတ်ချမ်းသာ လူချမ်းသာ သည့်ဘ၀ ကို ရရှိခြင်း
တို့ဖြစ်ပါတယ် ။
ကျွန်တော် ပြောတာကို ယုံကြည်တယ်ဆိုရင် ကြီးပွားချမ်းသာ ချင်တယ်ဆိုရင်
လုပ်ကြည့်ဖို့ တိုက်တွန်းပါတယ် ။



အိုဘားမား သောကြာထောင့်၏ ရေသပ္ပယ်နေစဉ်










Tuesday, March 12, 2013

မျက်ရည်ခံ မှဲ့ (ဘယ်ဘက်) Only For Women


ဘယ်ဘက် မျက်ခမ်း နှင့် အထက် နှုတ်ခမ်းကြား မျက်ရည်ကျရာလမ်းကြောင်းမှာ ရှိတဲ့ မှဲ့ ကို
မျက်ရည်ခံ မှဲ့ လိုခေါ်တယ်  ။ ငွေကြေး ချမ်းသာမယ် ။ စိတ်ဆင်းရဲမယ် ။
နာမည်ကျော်ပြီး  အိမ်ထောင်ဆက် များမယ် ။ ငယ်ငယ်က ဆင်းရဲ ဒုက္ခ အမျိုးမျိုး
ကြုံတွေ့ရမယ် ။  ဆိုးဝါးသော သေဆုံးမှု များနဲ့ ကြုံတွေ့ရတတ်တယ် ။

မျက်ရည်ခံ မှဲ့ (ညာဘက်)

ညာဘက် မျက်ခမ်း နှင့် အထက် နှုတ်ခမ်းကြား မျက်ရည်ကျရာ လမ်းကြောင်းမှာ ရှိတဲ့ မှဲ့ ကို
မျက်ရည်ခံ မှဲ့ လိုခေါ်တယ် ။ ဘ၀ မှာ ဆုံးရှုံးမှုပေါင်း များစွားဖြင့် ကြုံတွေ ရတတ်တယ် ။
မမျှော်လင့်ပဲ ခင်ပွန်းသည် ဒုက္ခ ရောက် ဆုံးပါးတတ်တယ် ။


ဆံကေသာ နဲ့ ပတ်သတ်၍


ထိပ်ပြောင်နေသူများ ဆံပင်ပြန်ပေါက်လို  ပါက သံပရာစေ့ကို
ရေနှင့် ကြိတ်၍ နေ့စဉ် ဦးရေပြားကို လိမ်းပေးပါ ။

ဆံပင်သန်စေလို လျှင် တညင်းရွက်ကို ပြုတ်၍
ရလာသော အရည်အား ခေါင်းလျော်ပေးပါ ။

ဆံပင်ဖြူများ ပြန်လည် နက်မှောင် လိုပါက ဒန္တသုခ တစ်ပင်လုံး၏
ပြုတ်ရည် နှင့် မကြာခဏ ခေါင်းလျှော်ပေးပါ ။
(သို့မဟုတ်)
မန်ကျည်းစေ့ ကိုသွေး၍ ဦးခေါင်း တပြင်လုံး ကို လိမ်းပေးပါ ။


လာလ်လာဘ တွေ ပိတ်သည့်အခါ

လာဘ်လာဘ ကို လူတိုင်းမက်မောကြပါသည် ။ အကယ်၍ လာဘ်ပိတ်ကာ
အခက်အခဲ များနှင့် ရင်ဆိုင်နေရပါက အောက်ပါ လောကီ အစီအရင် ကလေးကို လုပ်ကြည့်စေချင်ပါသည် ။

လာဘ်ပိတ်သူ၏ မွေးနေ့ နံနက် ၆ နာရီတိတိ တွင် ဆိုင်ဖွင့်ထားသူ ဖြစ်ပါက ဆိုင်ရှေ့တွင် ၄င်း သို့မဟုတ် နေထိုင်ရာ အိမ်ရှေ့တွင် ၄င်း မြေပြင်အား ရေဖြန်း ပေးပါ ။ အမှိုက်သရိုက်များ ကင်းစင်အောင် လှည်းကျင်းပါ ။ 

ပြီးနောက် ခေါင်းရင် ဘက်မှ ခြေရင်းဘက်အထိ မြေကြီး ပေါ်တွင် ဆန်(သို့) ဆန်ကွဲ (၈) ပုံ ပုံပေးပါ ။ ( အရပ်ရှစ် မျက်နှာမှ ရောက်ရှိ လာမည့် ကြက် ၊ ငှက် ၊ တိရိစ္ဆာန် များအား စတုဒိသာ ကျွှေးမွေးခြင်း ဖြစ်ပါသည်။)

ထိုသို့ အစာကျွေးနေစဉ် စိတ်အာရုံထဲ မှာ ''လာမယ့်ဘေးတွေ ဝေးပါစေ ။ ကံကြမ္မာဆိုးတွေ ရပ်တန့် ပါစေ ။ စီးပွားလာဘ်လာဘ တွေ ပွင့်လန်းပါစေ'' ဟု ဆုတောင်းပေးပါ ။

မှတ်ချက် ။ ။ တစ်ရက်တည်း မလုပ်ရပါ ။ (၈) ရက်တိတိ ထိုအချိန်တိုင်း လုပ်ပေးပါ ။ ထူးခြားသော လောကီ အစီအရင် ကလေး ဖြစ်ပါသည် ။